ဆစ်ဖလစ်ရောဂါ(Syphilis)
16-Dec-2020
ဆစ်ဖလစ်ရောဂါ(Syphilis)
ဆစ်ဖလစ်ရောဂါဟာ
လိင်ဆက်ဆံရာ က တဆင့်ကူးစက်သော ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့ ပထမဆုံးလက္ခဏာ အနေနဲ့ လိင်အင်္ဂါတွေနဲ့
ပါးစပ်မှာ Chancre လို့ခေါ်တဲ့ နာကျင်မှု မရှိတဲ့ အနာတွေ ပေါက်လာတတ်ပါတယ်။
ဆစ်ဖလစ်ရောဂါဟာ
လက္ခဏာမပြပဲ အချိန်အကြာကြီး ကိုယ်တွင်းမှာ နေနိုင်တဲံ အတွက် တခါတရံမှာ သိရှိဖို့ခက်ပါတယ်။
စောစောသိပြီး စောစောကုတာ ဟာ ရောဂါပျောက်ကင်းစေနိုင်တဲ့ အပြင် ရောဂါရဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။
ဆစ်ဖလစ်ရောဂါဟာ ရောဂါကြောင့်ဖြစ်တဲ့ အနာနဲ့ တိုက်ရိုက်ထိတွေ့မှာ
ကူးစက်ပါတယ်။ အိမ်သာ တူတူသုံးရုံ အဝတ်အစားနဲ့ တခြားအသုံးအဆောင်တွေကို ဝေမျှသုံးစွဲရုံနဲ့
မကူးပါဘူး။
ဆစ်ဖလစ်ရောဂါရဲ့ အဆင့်တွေအနေနဲ့
·
ပထမအဆင့်(primary syphilis)
·
ဒုတိယအဆင့် (secondary syphilis)
·
ငြိမ်သက်နေတဲ့ အဆင့်(latent syphilis)
·
တတိယအဆင့် ဆိုြ့ပီးရှိပါတယ်။(tertiary syphilis)
ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေမှာ ရောဂါဟာ အခြားသူကို ကူးစက်ဖို့ပိုလွယ်ပါတယ်။
ပထမအဆင့်
ဟာ ရောဂါကူးစက်ပြီး သုံးပတ်က လေးပတ် အကြာမှာ တွေ့နိုင်ပါတယ်။ သေးငယ် လုံးဝန်းပြီး မနာမကျင်တဲ့
အနာတွေကို စတွေ့ရပါတယ်။ အနာတွေ့တဲ့ နေရာဟာ ရောဂါပိုးဝင်တဲ့ နေရာ ဖြစ်ပါတယ်။ လိင်အင်္ဂါ၊
စအိုနဲ့ ပါးစပ်တွေ မှာ တွေ့ရနိုင်ပါတယ်။ အနာတွေဟာ နှစ်ပတ်ကနေ ခြောက်ပတ်အထိ ကိုယ်ခန္ဓာပေါ်မှာ
တွေ့ရနိုင်ပါတယ်။ ဒီအနာတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကနေ ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်မှုဟာ
ပါးစပ်နဲ့ ဆက်ဆံတာအပါအဝင် လိင်ဆက်ဆံမှုကနေ ကူးပါတယ်။
ဒုတိယအဆင့်မှာ
အရေပြားမှာ အနီကွက်တွေနဲ့ အနာတွေ ပေါက်လာနိုင်ပါတယ်။ ခြေဖဝါး လက်ဖဝါးတွေမှာ အဓိကတွေ့ရပြီး
ယားယံလေ့မရှိပါဘူး။ တခြားလက္ခဏာတွေအနေနဲ့
·
ခေါင်းကိုက်ခြင်း
·
ပြန်ရည်ကျိတ်များ ရောင်ခြင်း
·
နုံးချိခြင်း
·
ဖျားနာခြင်း
·
ကိုယ်လက်ကိုက်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေဟာ ဆေးကုသမှု မပြုလဲ ပျောက်သွားတတ်ပေမယ့် ရောဂါပိုးကတော့
ကျန်ရှိနေနိုင်ပါတယ်။
ပထမအဆင့်နဲ့
ဒုတိယအဆင့် လက္ခဏာတွေ ပျောက်ကွယ်ပြီးနောက်မှာ
ငြိမ်သက်နေသော အဆင့်ကိုရောက်လာပါတယ်။ ဒီအဆင့်ကနေ တတိယအဆင့် မရောက်မီ ပိုးဟာ
လက္ခဏာ မပြဘဲ ကိုယ်ခန္ဓာထဲမှာ နှစ်ပေါင်းများစွာရှီနေနိုင်ပါတယ်။
အထက်ပါ အဆင့်တွေမှာ
ကုသမှု မခံယူရင် တတိယအဆင့်ကို ရောက်ရှိလာပါတယ်။ ရောဂါကူးစက်ပြီးနောက် နှစ်ပေါင်းများစွာ
အကြာမှာ ဖြစ်ပေါ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ရောဂါရဲ့ ဆိုးကျိုးအနေနဲ့
·
အမြင်အာရုံ အကြားအာရုံပျောက်ဆုံးခြင်း
·
စိတ်ရူးသွပ်ခြင်း
·
မှတ်ဉာဏ်ထိခိုက်ခြင်း
·
အရိုးနှင့် ကြွက်သားများ ပျက်စီးခြင်း
·
ဦးနှောက်အမြှေးပါးရောင်ခြင်း
·
နှလုံးရောဂါ စတာတွေပါဖြစ်ပွားနိုင်ပါတယ်။
ဆစ်ဖလစ်ရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို ကူးစက်နိုင်ပြီး
မွေးလာတဲ့ ကလေးမှာ
·
ကိုယ်အင်္ဂါချို့တဲ့ခြင်း
·
အတက်ရောဂါဖြစ်ခြင်း
·
ကြီးထွားဖွံ့ဖြိုးမှု နောက်ကျခြင်း စတာတွေဖြစ်နိုင်ပါတယ်။
ဆစ်ဖလစ်ရောဂါရှိမရှိကို သွေးစစ်ကြည့်ခြင်းဖြစ်သိရှိနိုင်ပြီး
တခါတရံမှာ အနာကထွက်တဲ့ အရည်တွေကို ယူပြီးစစ်ဆေးကြည့်နိုင်ပါတယ်။
ဆစ်ဖလစ်ရောဂါဟာ သင့်တော်တဲ့
ပိုးသတ်ဆေးဝါးနဲ့ ကုသပျောက်ကင်းနိုင်ပြီး စောစောသိပြီး စောစောကုသမယ်ဆို ဖြစ်ပေါ်လာနိုင်တဲ့
နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မိမိမှာ ရောဂါရှိတယ်လို့
သံသယဖြစ်နိုင်တဲ့ လက္ခဏာတွေ့ခဲ့ရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr.Aung
Ref: healthline.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
